-->
T@UnGpOrTh@rL@y的主頁
 

網誌

<<上一頁 1 2 下一頁 >>

2009年4月29日 上午8點30分39秒အဝေးရောက်တဲ့ သား


အမေ… တေးသွားလှလှ
ဆိုပြလို့ချော့သိပ်
အိပ်စက်စေတုန်းက
အမေ့သံ ချိုလွင်လွင်
အပူပင်ကင်းစွာနဲ့
ရင်ခွင်မှာခေါင်းဝှက်
အိပ်ချင်ယောင်ဆောင်ခဲ့စဉ်က…
အမေ.. လောကအလယ်
လူရွယ်ဖြစ်လာတော့
မျက်နှာမငယ်ရအောင်
အားအင်တွေပေး
သတ္တိတွေမွေး (သားအတွက်)
အရောင်သွေးတောက်စေခဲ့တာ
အမေရဲ့ မေတ္တာ
စေတနာတွေ အခက်အလက်တွေနဲ့…
အမေ..
အမေနဲ့ခွဲခွာ
အနေကြာလာတော့
အမေကိုမေ့ ၊ အချစ်တွေ့လာ
ဘ၀တစ်ကွေ့မှာ
တဏှာနဲ့မေတ္တာ
မာယာနဲ့စေတနာ
ဝေဒနာနဲ့အကြင်နာ
နာကြင်စေတတ်တဲ့ချစ်သူနဲ့
ကြင်နာတတ်တဲ့အမေ
အခြေနေနှစ်ရပ်
ပေါင်းစပ်မရ ဒွိဟစိတ်မှာ
အမေဟာ မာတာ
ချစ်သူသာ ဘ၀ပါလို့
ငါအစွဲနဲ့ တဏှာဝဲဂယက်မှာ
ကူးခတ်ခဲ့ပေါ့...
အမေ…
တဏှာကို သကာထင်
မာယာရှင် သခင်မက
အကြင်နာခ၀ါချလို့
လမ်းခွဲစို့ဆိုတော့မှ…
အမေကိုပြေးမြင်
ရင်ခွင်မှာတိုးဝှေ့
မေ့မရတဲ့ နာကြင်မှုတွေ
အမေ့ကိုဖွင့်ဟလို့
ပြောပြချင်တယ် အမေ...
အမေ…
ရင်နာရတဲ့ ဒီတစ်ညမှာ
ဘာမှမလိုချင်
ချိုလွင်လွင် အမေ့သံ
ကြင်နာတတ်တဲ့ မေ့ မေတ္တာ
အမေ ဆိုတာ.. ဆိုတာ .. တွေနဲ့
ဖြေကာတမ်းတ လွမ်းရပါတယ်
အဝေးရောက်သားရဲ့ တစ်ညတာ။

 標簽 : ကဗျာ | 181 瀏覽數 | 5 評論 | 與朋友共享 | 推薦

2009年4月27日 下午1點32分05秒ထာဝရ မင်းပါပဲ

ညနေ ခင်း လေပြေ တိုက်ခိုက်ချိန်နေ၀င်ဆည်းဆာ တိမ်သက်သံတွေနဲ့အတူမင်းကို လွမ်းမိပါတယ်ဘယ်သူမှန်မသိခင်ကပင် ----- မင်းကို ချစ်ခဲ့မိပါတယ်တွေ.ကြတော့လည်း ----- မင်းကို ပြောမပြတတ်အောင် ချစ်ခဲ့မိဝေးမယ့်အတူ -------- ရင်ထဲက ...

查看更多...

 標簽 : ကဗျာ | 212 瀏覽數 | 8 評論 | 與朋友共享 | 推薦

2009年4月22日 下午5點18分24秒မျှော်လင့်ခြင်း

ငါမြတ်နိုးလွန်းလို့
မင်းရင်ခွင်မှာ ခိုလုံခွင့်တောင်းခံခဲ့တာပေါ့..

အချစ်က အဓိက အကျဆုံး သော့တစ်ခုဖြစ်မယ်ဆိုရင်
သစ္စာတရားတစ်ခုခုနဲ့ ...

查看更多...

151 瀏覽數 | 6 評論 | 與朋友共享 | 推薦

2009年4月11日 上午10點50分46秒ရင်ကွဲ အချစ်

မေတ္တာနဲ့ စေတနာ အရင်းခံဖြစ်တည်လာတဲ့ "ချစ်ခြင်း"
ပူလောင်မှု မပါ
စာနာမှု တန်ဆာဆင်လာတဲ့ "ချစ်ခြင်း"
ညှာတာမှုနဲ့ အရာရာကိုသေချာစေတဲ့ "ချစ်ခြင်း"
နောက်ဆုံးတစ်နေ့မှာ ...

查看更多...

140 瀏覽數 | 發表評論 | 與朋友共享 | 推薦

2009年3月30日 上午8點18分46秒"ရင်ထဲက ထာဝရချစ်သူ

ဘယ်အချိန်ဘယ်လို အစပြီး
ကိုယ်ချစ်သွားမှန်း မသိခဲ့ပေမယ့်
ကိုယ့်အသက်ရှင်သန်နေသရွေ့
ချစ်သွားမယ်နော်
အသက်မဲ့ ဂစ်တာ”ကိုတီးခတ်ရင်းနဲ့ ...

查看更多...

149 瀏覽數 | 4 評論 | 與朋友共享 | 推薦
<<上一頁 1 2 下一頁 >>