網誌
2009年4月29日 上午8點30分39秒အဝေးရောက်တဲ့ သား
အမေ… တေးသွားလှလှ
ဆိုပြလို့ချော့သိပ်
အိပ်စက်စေတုန်းက
အမေ့သံ ချိုလွင်လွင်
အပူပင်ကင်းစွာနဲ့
ရင်ခွင်မှာခေါင်းဝှက်
အိပ်ချင်ယောင်ဆောင်ခဲ့စဉ်က…
အမေ.. လောကအလယ်
လူရွယ်ဖြစ်လာတော့
မျက်နှာမငယ်ရအောင်
အားအင်တွေပေး
သတ္တိတွေမွေး (သားအတွက်)
အရောင်သွေးတောက်စေခဲ့တာ
အမေရဲ့ မေတ္တာ
စေတနာတွေ အခက်အလက်တွေနဲ့…
အမေ..
အမေနဲ့ခွဲခွာ
အနေကြာလာတော့
အမေကိုမေ့ ၊ အချစ်တွေ့လာ
ဘ၀တစ်ကွေ့မှာ
တဏှာနဲ့မေတ္တာ
မာယာနဲ့စေတနာ
ဝေဒနာနဲ့အကြင်နာ
နာကြင်စေတတ်တဲ့ချစ်သူနဲ့
ကြင်နာတတ်တဲ့အမေ
အခြေနေနှစ်ရပ်
ပေါင်းစပ်မရ ဒွိဟစိတ်မှာ
အမေဟာ မာတာ
ချစ်သူသာ ဘ၀ပါလို့
ငါအစွဲနဲ့ တဏှာဝဲဂယက်မှာ
ကူးခတ်ခဲ့ပေါ့...
အမေ…
တဏှာကို သကာထင်
မာယာရှင် သခင်မက
အကြင်နာခ၀ါချလို့
လမ်းခွဲစို့ဆိုတော့မှ…
အမေကိုပြေးမြင်
ရင်ခွင်မှာတိုးဝှေ့
မေ့မရတဲ့ နာကြင်မှုတွေ
အမေ့ကိုဖွင့်ဟလို့
ပြောပြချင်တယ် အမေ...
အမေ…
ရင်နာရတဲ့ ဒီတစ်ညမှာ
ဘာမှမလိုချင်
ချိုလွင်လွင် အမေ့သံ
ကြင်နာတတ်တဲ့ မေ့ မေတ္တာ
အမေ ဆိုတာ.. ဆိုတာ .. တွေနဲ့
ဖြေကာတမ်းတ လွမ်းရပါတယ်
အဝေးရောက်သားရဲ့ တစ်ညတာ။
留言本
2009年6月29日 6:5Re: ဟယ်လို ..
T@UnGpOrTh@r
23, တောင်ပေါ်မြို့, 緬甸
ကျေးဇူးတင်ပါတယ်သူငယ်ချင်း
နောက်လည်းလာအားပေးဥိးနော်
ဖိခေါ်ပါတယ်
နောက်လည်းလာအားပေးဥိးနော်
ဖိခေါ်ပါတယ်
2009年6月29日 7:4Re: Re: Re: ဟယ်လို ..
T@UnGpOrTh@r
23, တောင်ပေါ်မြို့, 緬甸
အားကျပါနဲ့
အားတက်စမ်းပါ :P:P
အားတက်စမ်းပါ :P:P




2009年6月29日 5:57ဟယ်လို ..
အရမ်းကို သတိရသွားတယ်...