ပုသိမ်的主頁
 

網誌

2009年1月10日 上午8點20分36秒မေမေ.....

ကိုးလလွယ် ဆယ်လဖွား
အသက်ကိုရင်း မွေးပေးခဲ့သည်
ဖဝါး လက်နှစ်လုံး
ပခုံးလက်နှစ်သစ်
ခြင်မှက် ဖြုတ်ယင်သောဝ် မသန်းစေခဲ့...

သွေးမှ ဖြစ်တည် နို့ချိုရည်ကို
မပျက်တိုက်ကျွေး ကြီးပြင်းစေခဲ့...

ငယ်စဉ်တောင်ကျေး ပြုစုယုယလို့
သားတို့ နှလုံး ရွှင်ပြုံးစေရယ်
ပင်ပန်း သောဝ်မှ အပြုံးမပျက်
ကျေနပ်ခဲ့သည် အိုအမေ...

အချိန်တန်လို့ ကြီးပြင်းပြန်သော်
ပညာကိုပေး အမွေဖြစ်ခဲ့
လူများအလယ် ဂုဏ်တင့်စေသည်
ကျေးဇူးကြီးလှပါသည် အိုအမေ...

ပညာစုံလို့ အချိန်တန်ပြန်
သင့်တော်သူကို ရှာဖွေကာရယ်
သားသမီးတို့ အတွက်
စီမံရွက်ဆောင်ခဲ့ပြန်သည်..
ဘဝတသက်အေးဖို့ရယ်...

သားတို့ ဘဝ အခြေစုံလို့
ချမ်းသာ တည်ငြိမ်လေသောဝ်
ကျေနပ်အပြုံး ပီတိမျက်နှာ
အေးချမ်းစွာနှင့် ဆန်ရေကို မရှိစေခဲ့....

ထိုရ် ထိုရ် ကျေးဇူး
မဟာပထဝီ မြေကြီးထုမက
ကြီးမားလှသော အိုအမေ...
အဝေးရောက်သားမောင်
လက်ဆယ်ဖြာ ထိပ်မှာမိုးလို့
ရှိခိုး ကန်တော့လိုက်ပါသည်......

90 瀏覽數 | 發表評論 | 與朋友共享 | 推薦