網誌
2009年4月26日 上午5點39分32秒ကဗျားလေး.......
စစ်မှန်တဲ့ချစ်သူ
ဆုတောင်းမှားခဲ့တော့လဲ
သူ့အကြောင်းတရားနဲ့သူပေါ့
ယုံကြည်ပါချစ်သူ............
ဝေးနေတဲ့အချိန်တွေနဲ့အမျှ
မင်းကိုနှစ်ဆတိုးပြီးချစ်နေမှာပါ......
သိလားချစ်သူ
တိမ်ညိုတွေပြိုဖို့အတွက်
ရွာချတဲ့မိုးကို
ငါ့မျက်ရည်တွေက
စပွန်ဆာပေးတယ်..........
ဝေးနေကြရတဲ့
တို့ဇာတ်လမ်းမှာ
အလွမ်းတွေနီစွေးဖို့
နှလုံးသားတစ်ခုလုံးကရဲပေးရတယ်......
မင်းသိလားချစ်သူ.
ချစ်တတ်တဲ့ပညာဆိုတာ
မွေးကတည်းကတတ်လာတဲ့
ငိုကြွေးခြင်းလိုပဲ..............
အချစ်ကိုခံစားတတ်ဖို့
နှလုံးသားစစ်တစ်ခုတော့လိုတယ်လေ................

