網誌
2009年6月25日 下午8點01分48秒၁၅ မိနစ်လေးလောက်ပ...
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ့ မှာတမ်းလေးက ၀ရဓမ္မာသင်္ခါ၇ အပ္ပမာဒေန
သံပါဒေထ။ ချစ်သား ချစ်သမီးတို့  ငါဘု၇ား ပ၇ိနိဗ္ဗာန် စံကာနီး နောက်ဆုံး
စကားမှာကြားမယ်.. ချစ်သား ချစ်သမီးတို့ ယခုရရှိနေတဲ့  ရုပ်နာမ် နှစ်ပါး ၊
ခန္ဓာငါးပါး သင်္ခါရတရားတို့ သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်းပျက်နေတဲ
့ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါးက အနိစ္စအမြဲမရှိပါလို့ အသစ်အသစ်တွေသာ
အစားထိုးနေတာကို သိသိပေးဖို့ကို မမေ့မလျော့ မပေါ့မဆသော ၀ိပဿနာ တရားဖြင့်
ရှုပွားပြီးတော့ နေရစ်ကြ လို့  မှာကြားတော် မူပါတယ်။ အခုလည်း
ပ၇ိနိဗ္ဗာန်စံကာနီးမှာ အေးအေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် ပရိနိဗ္ဗာန်
မစံနိုင်ဘူး။ သူ့၇ဲ့ ချစ်သား ချစ်သမီးတို့ ဝိပဿနာ မပွားဘဲ
နေ၇စ်မှာစိုးရှာလို့  ခန္ဓာငါးပါး အဖြစ်ပျက်ကို ၀ိပဿနာ ရှုပြီးတော့
နေရစ်ကြပါလို့ မှာခဲ့ရှာတယ်။ မြတ်စွာဘုရား မေတ္တာ စေတနာ ပါ။
ဒါတင်မကသေးပါဘူး။ သက်တမ်းရှည်တဲ့ ဘုရားရှင်တွေလက်ထက်မှာဆို၇င် သူတို
့ပရိနိဗ္ဗာန် စံသွား၇င် တခါတည်း သာသနာပါ ကွယ်သွားတယ်။ သာသနာကုန်တယ် ဆိုတာ
မဂ်ဖိုလ်၇တတ်တဲ့  ၀ိပဿနာတရားတွေ ကုန်တာပါဘဲ။ ဘုရားတစ်ဆူပွင့်၇င်
သတ္တ၀ါအပေါင်း နှစ်ဆယ့် လေးသင်္ခေ်ျနဲ့ ဗိုလ်ချေတစ်သိန်း ချေချွတ်၇ပါတယ်။
ဘုရားတစ်ဆူရဲ့ တာဝန်ပါ။ ဒါပေမဲ့ ဂေါတမမြတ်စွာဘု၇ားက ဆယ်ခြောက်သင်္ချေပဲ
ချေချွတ်နိုင်ခဲ့ပါတယ်။ ရှစ်သင်္ချေနဲ့ ဗိုလ်ချေတစ်သိန်းကျန်သေးတယ်။ အဲ့လို
ကျန်ခဲ့တဲ့ အထဲမှာ အခုရှိနေတဲ့ မိမိတို့ အပါဝင် သတ္တ၀ါအနတ္တပါပါတယ်။ သူသာ
သာသနာ မထားခဲ့၇င် မိမိတို့ ယောဂီတွေ ၀ိပဿနာတရား မနာနိုင်တော့ပါဘူး။
ပျောက်သွားပါဘီ။သာသနာမရှိတဲ့ အချိန်မှာ လူဖြစ်လို့  တရားနာချင်လို
့ငွေသိန်းနဲ့ချီ လျှောက်ပေးအုံး ဘယ်သူမှ မဟောနိုင်တော့ဘူးတဲ့။ သာသနာကို
မြတ်စွာဘုရားက ၅၀၀၀ ထားခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၂၅၄၆နှစ်ကုန်သွားဘီ။
နောက်ထပ် နှစ်ပေါင်း ၂၄၀၀ကျော်ကျန်သေးတယ်။ သာသနာနှစ်ပေါင်း ၂၄၀၀
ကျော်ကျန်သေးတာ ၀ိပဿနာတရားကို မနာကြားသေးပါဘူး။ အားမထုတ်သေးပါဘူးလို
့ပေါ့ပေါ့တန်တန်နေတတ်ကြပါတယ်။ ဒီအတွေး အခေါ်ဘယ်လောက်
မှားယွင်းနေပါသလဲဆိုတာ။ အဲ့လို နေမယ်ဆို၇င်တော့ အမှားကြီးမှားပါဘီ။
အဲ့ဒီ သာသနာ နှစ်ပေါင်း ၂၄၀၀မှာ မိမိနဲ့ ဘယ်လောက်များဆိုင်သလဲလို့ 
စဉ်းစားပါ။ ဒီနေ့ ည ကိုယ်သေသွားဘီတဲ့ နောက်နေ့ အဲ့သာသနာ မိမိနဲ
့ဆိုင်သေးလားဆိုတော့ မဆိုင်တော့ဘူး။ ဒီတော့ ကိုယ်နဲ့ ဆိုင်တဲ့ သာသနာဟာ
မသေခင်ကလေးမှာ သာ ဆိုင်တာပါ။ ဒါကို သတိ၇ပါ။ တချို့ ထင်တယ် ။ နောက်ဘဝ
ပဲလူဆက်ဖြစ်ပြီး သာသနာနဲ့ ပြန်ကြုံ၇တော့မလိုလိုနဲ
့လွယ်တယ်မထင်လိုက်ကြပါနဲ့ ။ ဒိဋ္ဌိမပျောက်သေးတဲ့ ပုဂ္ဂိုလ်များဟာ
သုဂတိရောက်တာ နည်းပါတယ်။ ဒုက္ခတိ..အပါယ်သွားကြတာ များပါတယ်။ ဒါကြောင့်
ဒီဒိဋ္ဌိတွေကို ပယ်နိုင်သမျှ ပယ်နိုင်အောင် မိမိတို့ကိုယ်တိုင်လေ့ကျင့်ဘို
့လိုအပ်ပါတယ်။ ကိုယ်သေတာနဲ့ သာသနာနဲ့  မဆိုင်တော့ဘို့ ပါများပါတယ်။ ငရဲ၊
တိရိစ္ဆာန် ပြိတ္တာဘ၀ရောက်သွား၇င် သာသနာနဲ့ ဆိုင်လို့  မ၇တော့ပါဘူး။
မိမိတို့ တရက်နေ၇ရင် သာသနာနဲ့ တရက်ပဲဆိုင်တယ်။ တလနေရရင် သာသနာဟာ မိမိနဲ
့တလပဲ ဆိုင်တယ်။ သေတာနဲ့ မဆိုင်တော့ပါဘူး။ သေပြီးတော့ အပါယ်ကျသွား၇င်
တော့ သွားဘီသာ မှတ်ပါ။ ဒါကြောင့် အသေမဦးခင်မှာ ဥာဏ်ဦးဖို့ အရေးကြီးပါတယ်။
စားဝတ်နေရေးဆိုတာ သေတဲ့ အထိရှာ၇မှာပါ။ ဒါကြောင့် ဘုရားမှာခဲ့တဲ့ စကားကို
လေးစားကျေးဇူးတင်သော အားဖြင့် နားထောင်တဲ့ အနေနဲ့ ဝိပဿနာ
တရားရှုပွားခြင်းအလုပ်ကို မဖြစ်ဖြစ်အောင် ၂၄နာ၇ီမှာ ၁နာ၇ီ ၂နာ၇ီလောက်
နေ့စဉ်ပေးကြည့်ကြပါလို့ တိုက်တွန်းပါတယ်။ မိမိကိုယ်ကို သနားကြပါ။
မိမိကိုယ်ကို ပြန်ကယ်ပါ။ ကြုံတုန်းကြိုက်တုန်း..ဆိုတဲ့ အတိုင်း ကြုံတဲ့
အချိန်မှာ ကြိုက်လိုက်ကြစမ်းပါ။ သာသနာ ၅၀၀၀ထားခဲ့တဲ့ ဘုရားရှင်ကို
လေးလည်း လေးစားကြပါ။ ကဿပ ဘုရားရှင် ပရိနိဗ္ဗာန် စံတဲ့ အခါမှာ ဓါတ်တော်ကို
တစ်လုံးထဲ ထားခဲ့ပါတယ်။ အဲ့ဒါကို စေတီတည်လိုက်ပါတယ်။
ဂေါတမမြတ်စွာဘုရားသခင်ကိုယ် တော်မြတ်ကြီးကတော့ ငါနဲ့  ငါ့သာသနာ
မကြုံလိုက်၇တဲ့ ဝေနေယျသတ္တ၀ါအပေါင်း ငါ့ဓါတ်တော်တွေ ဖူးပြီးတော့
ဘုရား၊တရား၊သံဃာကို သတိ၇ကြပါစေ.. မဂ်ဖိုလ် ၇မဲ့အလုပ်တွေ လုပ်နိုင်ကြပါစေ။
မဂ်ဖိုလ်၇မဲ့တရားတွေ နာကြားနိုင်ကြပါစေ။ အကျွတ်တရားရကြပါစေ .. ၀ိပဿနာ
တရားနာကြား အားထုတ်ဖြစ်ကြပါစေလို့ စေတနာနဲ့ သူ့ ရဲ့ ဓါတ်တော်တွေကို
အစိပ်စိပ် အမွှာမွှာကွဲအောင် အဓိဋ္ဌာန်တော်မူခဲ့ပါတယ်။ ဒါကြောင့်
ဂေါတမမြတ်စွာဘုရား သခင်ရဲ့ ဓါတ်တော်တွေဟာ အစိပ်စိပ်အမွှာမွှာကွဲပြီး ကမ္ဘာ
အ၇ပ်၇ပ်မှာ ပျံ့ နှံ့ လို့ နေပါတယ်။ မြတ်စွာဘုရား၇ဲ့  ဓါတ်တော်တွေ
ဖူးပြီးတော့ အသိဥာဏ်တွေရ ၊၀ိပဿနာတရားတွေ ရှုပွားကြ အားထုတ်ကြနဲ့ 
မဂ်ဖိုလ်ရတဲ့  ပုဂ္ဂိုလ်တွေလည်း ကမ္ဘာနဲ့ အ၀ှမ်း မှာလည်း
အများကြီးရှိပါတယ်။ ဘုရားရှင်ကို ဒီအချက်အတွက် ကျေးဇူးတင်စရာ
ကောင်းလွန်းပါတယ်။ပ၇ိနိဗ္ဗာန်စံကာနီး အချိန်မှာတောင် အခြားဘုရားတွေကဲ့သို့
အေးအေးဆေးဆေး မစံနိုင်ဘူး.. မိဘက သားသမီးကိုပူသလို .သူ့တရားမနာလိုက်၇တဲ့
နောက်ပိုင်း ပုဂ္ဂိုလ်တွေ အကန်းပုထုဇဉ်ဘ၀နဲ့ သေသွား၇မှာ သိပ်စိုး၇ိမ်ပြီး
ပရိနိဗ္ဗာန်စံကာနီး အချိန်မှာ မှာပါတယ် ။ ဘာမှာသလဲဆိုတော့ …
ချစ်သားချစ်သမီးတို့ ငါဘုရား ပရိနိဗ္ဗာန်စံကာနီး နောက်ဆံုးစကား အဖြစ်
အရေးကြီးစကား မှာကြားခဲ့မယ်။ ဒီရုပ်နာမ်၂ပါး ခန္ဓာငါးပါးဆိုတာ ဖြစ်ပြီး
ပျက်နေကြတယ်။ အဲ့ဒါကို ဆရာကောင်း သမားကောင်းထံ နည်းယူပြီးတော့ မမေ့မလျော့
မပေါ့မဆတဲ့ သတိနဲ့ စဉ်ဆက်မပြတ် ၀ိပဿနာတရား ရှုပွားပြီး နေရစ်ကြပါ…လို့
အရေးတကြီး မှာကြားခဲ့ပါတယ်။ ဒါနပြုကြ၊ သီလပြုကြ၊ သမထလုပ်ကြလို
့အရေးတကြီးမမှာထားခဲ့ပါဘူး။
၁၅မိနစ်လေးပဲရရပါ။
စိတ်ပင်ပန်းရင် လူပင်ပန်းလွန်းရင် ချက်ချင်း တရားထိုင်မှတ်လို့
မရနိုင်ပါဘူး။ (အလေ့ကျင့် များလာတဲ့ ပုဂ္ဂိုလ်များအနေနဲ့ကတော့ တရားစိတ်
သွင်းလိုက်တာ နဲ့ အမောပြေသွားပါတယ်။) ဒါကြောင့် မပင်ပန်းပဲ အိပ်ေ၇းဝတဲ
့မနက်ပိုင်း အချိန်လေးကို ၁၅မိနစ်ပဲရရ ဆက်တိုက် တရားနှလုံးသွင်းပေးတာ
အကျိုး ပိုဖြစ်ထွန်းပါတယ်။ အချိန်အများကြီးထိုင်ပြီး မထိရောက်တာထက် စာရင်
၁၅မိနစ်နာရီဝက်မှာ အပြည့်နှလုံးသွင်းနိုင်တာ ပိုထိရောက်စေပါတယ်။
1. 1.မြင်ရင် မြင်တဲ့နေရာမှာရပ်။ ဆက်ပြီး ဘယ်သူ ဘယ်ဝါ ဘာမြင်တယ်
မခွဲခြားန့ဲ။ မြင်တယ်လို့ပဲ သိရုံသိလိုက်ပါ။ ဒီလောက်ပဲ။
2. ကြားရင် ကြားတဲ့ နေရာမှာရပ်။ ဘယ်မင်းသား၊ မင်းသမီးရဲ့ အသံလို့
မခွဲခြားနဲ့။ ဘယ်သူ့အသံလား ဆူညံသံလား ဘာသံလား နားဝင်ချိုသံလား
မခွဲခြားပါနဲ့ ။ ကိလေသာ ကြားမ၀င်စေနဲ့။ ကြားတဲ့ အသံလို့ပဲ
သိရုံသိလိုက်ပါ။
3. အနံ့၇တာနဲ့ ရပ်ပစ်။ နံတဲ့စိတ်လေး ပေါ်ရုံပဲ။ ဘာနံ့ညာနံ့လို့
မခွဲခြားပါနဲ့။ အနံ့ ၇တယ်လို့ သိရုံလေးသိပြီး ဖြတ်ချလိုက်။
4. စားလည်း ၀က်သားကြက်သား မခွဲနေနဲ့  ။ ဘာဟင်း ညာဟင်း မခွဲခြားပါနဲ
့။ စားကောင်းတယ် မကောင်းဘူး မခွဲခြားပါနဲ့ ။ အရသာပေါ်တဲ့ အချိန်လေးမှာတင်
အရသာပေါ်တယ်လို့ သိရုံသိပြီး ရပ်ပစ်ပါ။
5. ထိရင် ထိတဲ့နေရာမှာတင် ရပ်လိုက်ပါ။ နူးညံ့တယ် ကြမ်းတမ်းတယ်
မခွဲခြားပါနဲ့ ။ ထိတယ်လို့ပဲ သိရုံလေးသိပေးလိုက်ပါ။
6. တွေး၇င် တွေးမှန်းသိလိုက်။ ဘာတွေးတယ်လို့ ဆက်မတွေးနဲ့။
အတွေးပေါ်သွားတယ် ဆို၇ုံလေးသိပြီး ဖြတ်ချပစ်ပါ။ ရပ်ပစ်ပါ။
အဲ့ဒါ တ၇ားအားထုတ်နေတာပါ။ ၀ိပဿနာတရားအားထုတ်၇ခြင်း ၇ည်၇ွယ်ချက်က
ကိလေသာတွေ ကုန်ဘို့ ခမ်းဘို့ နည်းဘို့ ပါးဘို့ ပျောက်ဘို့ ပါ။
ဘယ်နေရာမဆို ဘယ်အချိန်မဆို တ၇ားအားထုတ်လို့ ၇ပါတယ်။ဒီခြောက်ချက်ကို အဓိက
သိပေးနေပါ။ ဆက်တိုက်သတိထား သိပေးနေပါ။ ဘာလို့ ဆက်တိုက် သိနေ၇မလဲဆိုတော့
မျက်စိတမှိတ် တစက္ကန့်မှာ စိတ်က ကုဋေတစ်သိန်းပြေးနေတာကို လောဘ ဒေါသ မောဟ
မာနစတဲ့ ကိလေသာ ကင်းစင်တဲ့  အရိယာအဖြစ် မရောက်ရှိသေးခင်ဖြစ်တဲ့
ပုဂ္ဂိုလ်တို့ရဲ့  လောဘ၊ဒေါသ၊ မောဟ ဖုံးနေသေးတဲ့ ဥာဏ်နဲ့
လိုက်မမှီနိုင်သေးလို့ မိမိဥာဏ်မှီသလောက် သိသလောက် ဖြတ်ချနေရပါမယ်။
ဒါလောဘ၊ ဒေါသ၊ မောဟကို ပါးအောင် ကုန်အောင် လေ့ကျင့်ပေးနေတာပါ။ ဖြတ်ချရင်း
လောဘ ဒေါသ မောဟပါးလာတာနဲ့ အမျှ သိလာတဲ့ အသိဥာဏ်တွေ မြန်ဆန်လာတာကို
တွေ့ရပါလိမ့်မယ်။ လုပ်သာလုပ်ပေးနေပါ။ လေ့သာလေ့ကျင့်ပေးနေပါ။
အကျိုးတွေကတော့ အံ့သြလို့ မကုန်အောင် သူ့အလိုလို ဖြစ်ထွန်းလာပါလိမ့်မယ်။
မမျှော်လင့်နဲ့.. ဒါပေမဲ့ သူ့အလိုလို မကောင်းတာတွေ ဘေးအန္တရာယ်တွေကို
ပယ်သွားပါလိမ့်မယ်။ မိမိတာဝန်က လေ့ကျင့်နေဘို့ပါ။ တရားတာဝန်က
တကယ်အရှိတရား သူ့အလိုလိုဆိုတဲ့ အနတ္တသဘောကို ပြလာပါလိမ့်မယ်။
သူတော်ကောင်းအပေါင်း ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနဲ့
မတရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာများနဲ
့အချိန်ကုန်ချိန်နည်းပြီး တရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန
ကိလေသာများကို ဖြတ်ချနိုင်သောအချိန်အများစု ဖြစ်နိုင်ကြပါစေလို့
မေတ္တာများဖြင့်
2009年6月15日 下午5點54分49秒ဗုဒ္ဓဘာသာဆိုတာဘာလ�...
ဗုဒ္ဓဘာသာဆိုတာဘာလဲ?
ဗုဒ္ဓဘာသာဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ဆိုလိုပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုသည်မှာ … ဘုရားရှင်ရဲ့ အဆုံးအမတွေနဲ့ ကျင့်ကြံနေထိုင်သူ တစ်ဦးကို ဆိုလိုပါသည်။
資料
個人
- 個人簡介:သူများကိုလည်း မလိမ်ဘူး၊ ကိုယ့်ကိုလိမ်ရင်လည်း မကြိုက်ဘူး။ ရိုးသားမှုကို မြတ်နိုးတယ်။ ခင်တတ်တယ်. ဒါပေမယ် မဖော်ပြတတ်ဘူး။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို အမှန်တကယ်ကိုးကွယ်ယုံကြည်တယ်။ စကားပြောရင် ပြတ်တယ်။ စောင့်ရတဲ့ အလုပ်ကို မလုပ်ချင်ဆုံးပဲ။ အစွဲ အလမ်းကြီးတာတော့ မဟုတ်ဘူး အပြာရောင် ကြိုက်တယ်။ တစ်ယောက်တည်း နေရတာ ပိုကြိုက်တယ်..(စိတ်ညစ် စိတ်ရှုတ်တဲ့ အခါ) ။ သီချင်းနားထောင်တာနှစ်သက်တယ်။ မြတ်နိုးစွာ ချစ်တတ်တယ်။ သူတစ်ပါးကို ကူညီချင်တယ်။
- 語言:မြန်မာ အင်္ဂလိပ် ရုရှား
- 興趣愛好:songs
- 俱樂部/組織:တစ်ကိုယ်တော်နေပါတယ်...
- 喜歡的書:သီသန့်တော့ မရှိသေးပါဘူး
- 喜歡的音樂:နားထောင်လို့ ကောင်းတာ အကုန်ကြိုက်တယ်
- 喜歡的電視節目:prison break
- 喜歡的電影:gladiator
- 旅行過的地方:မရောက်ဘူးတဲ့ နေရာ.. ငရဲပြည်တော့ မပါဘူးနော်..
- 我在尋找:သူငယ်ချင်းကောင်း
約會
查看全部6個人頭像個人頭像
自拍視頻
相簿
-
life style
(8照片)


























2009年11月5日 12:28Re: ကိုခကြီး