網誌
2009年4月23日 下午6點22分38秒ပုံရိပ်ယောင်အချစ
အချစ်ဦးဆိုတာ..
အသားမစားဖူးတဲ့သူ၁ယောက်က
ပထမဆုံးအကြိမ်စားရသလိုပါဘဲ
သူကလွဲပြီးဘယ်အသားမှ ကောင်းတယ်မထင်။
ဒုတိယချစ်သူ..
ဒုတိယအသားကိုစားရတော့
ပထမအသားလောက်တော့ မချိုမြိန်နိုင်ပေမယ့်
အရသာတော့ တစ်မျိုးထူးနေသလိုပါဘဲ ။
အချစ်ဆုံးဆိုတာ ..
အကြိုက်ဆုံးဟင်း၁ခွက်လိုပါဘဲ
အခြားဟင်းတွေနဲ့နှိုင်းယှဉ်လိုက်ရင်
သူကိုဘဲရွှေးချယ်ပြီးစားမယ့် ဟင်းလျှာလိုပါဘဲ..။
အချစ်ဆုံးရဲ့နောက်ကချစ်သူ..
ငတ်ပြတ်နေတဲ့သူ၁ယောက်မှာ
ဘာမှစားစရာမရှိခဲ့ရင် ဒီ၁ခုဘဲရှိနေရင်
ဒါဘဲစားမိမှာပါဘဲ ...
တကယ်တမ်းကျတော့တကယ့်အချစ်စစ်လို့ထင်ရပေမယ့်ပြောင်းလဲနေတဲ့အချစ်တွေလည်းအများကြီးပါဘဲဗျာ။
အချစ်ဟာပုံရိပ်ယောင်၁ခုအနေနဲ့လူတိုင်းရဲ့နှလုံးသားထဲကိုဝင်ရောက်နိုင်ပါတယ်။ပုံရိပ်ယောင်ဆိုကတည်းက
ပုံရိပ်လောက်တော့အတိုင်းအတာအရွှယ်အစားရှိနိုင်တာပါဘဲ။ခံစားချက်လည်းတူညီနိုင်တယ်..လွမ်းတာတွေ
လည်းရှိနိုင်တယ်။ပျော်ရွှင်စေနိုင်တယ်.အာလုံးဟာအချစ်လို့ထင်ထားတဲ့ခံစားမှုအားလုံးခံစားနိုင်ပါလိမ့်မယ်
ကျွှန်တော်လက်ခံထားတဲ့တကယ့်အချစ်စစ်ကတော့ပြောင်းလဲမှုမရှိပါဘူး ။သူ၁ယောက်ကိုဘဲဒီ၁သက်မှာ
ချစ်နေသင့်တယ်လို့ထင်ပါတယ်။အဲလိုမှမဟုတ်ခဲ့ရင်ပုံရိပ်ယောင်အချစ်လိုပါဘဲ..အချစ်လို့ထင်ပြီးနောက်
တစ်ယောက်ကိုလည်းထပ်ချစ်သွားတာပါဘဲ॥အဲလိုမျိုးကအချစ်ကရောတကယ့်အချစ်လား?ကျွှန်တော်ကတော့
ပုံရိပ်ယောင်အချစ်လို့ဘဲသတ်မှတ်လိုက်ချင်တယ်ဗျာ။လူတိုင်းမှာတော့သိပ်ချစ်ရတဲ့သူ၁ယောက်တော့ရှိတက်စ
မြဲပါ။အချို့ကအချစ်ဦးဟာအချစ်ဆုံးဖြစ်သလို။အချို့ကျတော့လည်းအချစ်ဆုံးကိုသာအချစ်ဆုံးပါပေါ့ ။ဒီလိုပါဘဲ
ပြောနေကြတဲ့အချစ်တွေ။လူတိုင်းချစ်နေကြတဲ့အချစ်တွေ။ဘယ်အချစ်တွေဟာမှန်ကန်ပါသလဲ။ဘယ်အချစ်ဟာ
အရသာရှိပါသလဲ?အချို့ကပေးဆပ်အချစ်ကို သဘောကျကျသလို ။အချို့ကျတော့လည်း ပိုင်ဆိုင်ခွင့်ရှိတဲ့အ
ချစ်မျိုးဖြစ်ချင်တယ်ပေါ့။ဘယ်လိုအချစ်မျိုးနဲ့ဘဲချစ်ခဲ့ချစ်ခဲ့ပါဗျာအဓိကကတော့ကျွှန်တော်အထင်ပေါ့ဗျာ။ကိုယ်
ချစ်မိတဲ့သူတိုင်းအပေါ်မှာရိုးသားသင့်ပါတယ်ဗျာ။ကိုယ်ဘက်ကတော့ရိုးရိုးသားသားချစ်သင့်တယ်လို့ထင်ပါတယ်။
အချို့အချို့သောသူများကျတော့၂ယောက်၃ယောက်လောက်ကိုပြိုင်တူထားတက်ကြတယ်ဗျ။ဘယ်လိုဘဲဖြစ်ဖြစ်
ပါအချစ်စစ်ဘဲဖြစ်ဖြစ်ပုံရိပ်ယောင်ဆန်တဲ့အချစ်မျိုးဘဲဖြစ်ဖြစ်အချစ်အပေါ်မှာတော့သစ္စာရှိသင့်တယ်လို့ထင်ပါ
တယ်ဗျာ။ဘာလို့လည်းဆိုတော့၁ယောက်ပြီးမှနောက်၁ယောက်ကိုချစ်တာမျိုးဘဲဖြစ်သင့်တယ်လေ။အချို့သူ
ူတွေကျတော့အချစ်ကိုဘယ်လိုခံစားနေကြသလဲတော့မသိဘူးဗျ।။၂ယောက်၃ယောက်ကို၁ပြိုင်တည်းချစ်တာ
ကျတော့တကယ့်အချစ်စစ်ဖြစ်နိုင်ပါ့မလားဗျာ।။ချစ်သူတွေခွဲခွာချိန်ဟာသိပ်ကိုခံစားကြရပါတယ်ဗျာ။အချစ်
ကြောင့်တိုးတက်သူတွေရှိသလိုအချစ်ကြောင့်ဘ၀ပျက်သွားရတဲ့သူတွေလည်းအများကြီးပါ။ဒါကြောင့်၁ဘက်
်သားကိုမခံစားစေရတဲ့အချစ်မျိုးနဲ့ ချစ်ပေးကြဖို့ လူတိုင်းကိုအကြံပြုချင်ပါတယ်။ဘ၀မှာချစ်ဖူးသူတိုင်းကိုယ်ချင်း
စာနာစိတ်ဖြင့်တစ်ဘက်သားကိုယ့်အပေါ်ချစ်ခင်မြတ်နိုးသူအားမထိခိုက်အောင်ချစ်ခြင်းမျိုးဖြင့် ချစ်ပေးနိုင်
ကြပါစေလို့ဆိုတောင်းပြုရင်းပုံရိပ်ယောင်အချစ်Topicလေးအားအဆုံးသတ်လိုက်ပါတယ်ဗျာ။ချစ်ကြသူတိုင်း ပေါင်းဆုံနိုင်ကြပါစေ..။
D@t^tha
2008年11月4日 下午10點16分59秒ပေးဆပ်ခြင်း
လောကကြီးမှာ ကျွှန်တော်ထင်တာပေါ့ဗျာ …
ချစ်ခြင်းတရားတွေအများကြီးရှိနေမယ်လို.
လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ
အဲဒီတော့ ချစ်ခြင်းတရားမှမဟုတ်ပါဘူး..
အရာရာအားလုံး ကွဲပြားတာတွေများသလို
တူညီတာတွေလဲ များပြားနိုင်ပါတယ် ..
ချစ်ခြင်းတရားမှာ ကျွှန်တော်သိသလောက်ဆိုရင်
ရယူ့ခြင်း
ပိုင်ဆိုင်ခြင်း
ပေးဆပ်ခြင်း
ပေါ့ဗျာ ………………………………
ကျွှန်တော်ဘ၀နဲ.တွေဆုံခဲ့ရတာကတော့ပေးဆပ်ချစ်ပေါ့ဗျာ..
အဲဒီလိုအချစ်မျိုးအတွက်နောင်တရသလားလို. ကျွှန်တော်ကိုမေးလာရင်
ကျွှန်တော်နောင်တမရသလို ထာဝရလည်း ကြေနပ်နေမှာပါ ………..
ကျွှန်တော်သူမကိုအရမ်းချစ်ခဲ့ပါတယ် …..
အဝေးကဘဲ သူမကိုကျွှန်တော်မြင်ရရင် ကြေနပ်နေခဲ့တာ ကျွှန်တော်ဘ၀ပေါ့ ..
ဘာရယ်တော့ မဟုတ်ခဲ့ပါဘူး ..
သူမပျော်ရင် ကျွှန်တော်ပျော်တယ် ..
သူမငိုရင် ကျွှန်တော်ငိုချင်တယ်..
သူမစိတ်ညစ်ရင် ကျွှန်တော်လည်းညစ်တယ် ..
သူမထက်နဆလောက် ပိုပြီးခံစားနေခဲ့တယ်လို့ ကျွှန်တော်ပြောခဲ့ရင်
ယုံနိုင်ကြပါမလားတော့မသိပါဘူး …
တကယ်ကိုခံစားခဲ့ရပါတယ် …
နောက်ဆုံးတော့ သူမအတွက် သူမပျော်ရွှင်ဖို့
ကျွှန်တော်ထက်အဆ တစ်ရာမက သာလွန်တဲ့
တစ်ယောက်သောသူရဲ. ရင်ခွင်ကို ချဉ်းကပ်သွားတဲ့
သူမကိုကျွှန်တော် ဘယ်လိုအင်အားမျိုးနဲ့ တားနိုင်မလဲဗျာ ..
သူမရဲ.နဘေးမှာ သူမကိုဖြည့်ဆည်းပေးခွင့်မရရှိတော့တဲ့ ..
နောက်ဆုံးတနေ့မှာတော့ …
ကျွှန်တော်သူမရဲ. အဝေးဆုံးကိုပြေးထွက်ခဲ့ပါတယ် ..
အဝေးကဘဲ သူမကိုတမ်းတနေတာဟာ
သူမဘ၀အတွက် အကောင်းဆုံးဖြစ်မှာပါ …………………….တစ်ခါတစ်ရံမှာ
ကိုရဲ့ဆန္ဒထက် တစ်ပါးသူရဲ့ ပျော်ရွှင်မှုကိုဦးစားပေးခဲ့ရတာလည်း
ပျော်ရွှင်မှုတစ်ခုလို့ ခံယူတက်ခဲ့ရင် ပေးဆပ်မှုအတိ ဖြစ်တည်နေခဲ့မှာပါ..။
လူတိုင်းလူတိုင်း ကိုယ်ချစ်သောသူနှင့် ဆုံဆည်းနိုင်ကြပါစေ…။
စစ်မာန်#~!~#

