7,262頁面訪問量
yin phwint pwal.wmv - phyu phyu kyaw thein
<3 U S0 MUCH

會員資料


我的會員証明

統計資訊

  • 總計頁面訪問量: 7,262
  • 最近24小時頁面訪問量: 28
  • 總計來訪會員: 5,913

  • 好友: 207
  • 群組: 9
  • 網誌: 1
  • 評論: 910
  • 會員証明: 0

資料

基本
個人

toggle3留言本

發表於2009年5月28日 18:6hello
heaven
  • heaven
  • Zorpian等級
  • 17, Bucharest, 羅馬尼亞

i like your homepage so much....
kisses...

發表於2008年12月23日 2:46Hi
Penny
  • Penny
  • 高級會員 Zorpian等級
  • 56, 巴拿馬城, 佛羅里達州, 美國
發表於2008年12月5日 14:53Happy Holidays
Penny
  • Penny
  • 高級會員 Zorpian等級
  • 56, 巴拿馬城, 佛羅里達州, 美國
發表於2008年11月15日 4:4hi
benedict001
發表於2008年10月18日 11:15hi,bro
Su
  • Su
  • Zorpian等級
  • 19, 緬甸

nice to meet you , your homepage is so great . i like your homepage.have a nice day. bro .my gmail is newyorkerpaing@gmail.com.tf you wish you invite me.ok.

發表於2008年9月27日 2:32အစ်ကို
thuzar

အစ်ကိုရဲ့homepageကိုလာလည်သွားတယ်နော်
အစ်ကိုမရှိတော့ ပြန်သွားတယ်....

發表於2008年9月8日 6:13hi
發表於2008年9月4日 22:32lar lal tal naw.....!
ဟေမာ
發表於2008年8月31日 8:33hi
Han'sF3r
<<上一頁 1 2 3 4 5 6 下一頁 >>
發表評論
標題:
評論:

網誌

2007年8月5日 上午12點58分50秒ကော်ဖီငန်ငန်......

ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့ပွဲ ဆိုတော့ ကောင်လေး၊ ကောင်မလေးတွေ စုစုဝေးဝေး ပျော်ပျော်ပါးပါး၊ စားကြသောက်ကြ ၊ စကားပြောကြနဲ့ ဆူညံနေပါတယ်။

အဲဒီအချိန်မှာ ချောချောလှလှ ကောင်မလေးတစ်ယောက်ဝင်လာတော့ ကောင်လေးတွေက စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြတယ်။ ထိုင်စရာ ရှာနေတဲ့ ကောင်မလေးကို မြင်ရတဲ့ ကောင်လေးတစ်ယောက်က ထပြီး ကောင်မလေးကို သူ့စားပွဲမှာထိုင်ဖို့နေရာပေးတော့ ကောင်မလေးက ရှက်ရွံ့ရွံ့နဲ့ ၀င်ထိုင်ပါလေရဲ့။

သည်တော့မှပဲ ကောင်လေးလည်း မလုံမလဲနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်သွားတာပေါ့။ ဒီအချိန်မှာပဲ စားပွဲထိုးတစ်ယောက်က သူတို့နှစ်ယောက် ရှေ့မှာ ကော်ဖီခွက်လေးတွေ လာချပေးတယ်။

တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ရဘဲ ကော်ဖီခွက်လေးတွေ ငုံ့မွှေရင်း ကောင်လေးက အနားမှာရှိတဲ့ စားပွဲထိုးလေးကို

“ဆားနည်းနည်းပေးပါ” လို့တောင်းလိုက်တယ်

ကောင်မလေးအဖို့ အံ့အားသင့်ပြီး ကောင်လေးကို မော့ကြည့် မိလေရဲ့။ ပြီးတော့ ကော်ဖီခွက်ထဲ ဆားထည့် မွှေနေတဲ့ ကောင်လေးကို ကောင်မလေးရော အနားကလူတွေပါ အထူးအဆန်းလို ကြည့်နေကြတယ်။

ကောင်လေးက ကော်ဖီခွက်ကို ရှက်ရှက်နဲ့ပဲ မော့သောက် လိုက်ပါတယ်။ ဒီအချိန်မှာပဲ ကောင်မလေးက စူးစမ်းရင် စုပ်စုလိုက်တယ်။

“ကော်ဖီကို ဒီလိုပဲ သောက်တတ်သလား ဟင်း….” တိုးတိုးလေးမေးတာပါ။

ကောင်လေး ခေါင်းငုံရင်းက ခပ်ဆိုင်းဆိုင်းလေး ပြန်ပြောတယ်။

“ကျွန်တော့်မွေးရပ်မြေက ပင်လယ်ကမ်းစပ်ဆိုတော့ ပင်လယ်ရေထဲမှာပဲ ဆော့ကစားကြီးပြင်းခဲ့တယ်လေ။

မွေးရပ်မြေနဲ့ ဝေးတဲ့အခါမျိုး၊ အမေ၊ အဖေ နဲ့ရွာကို တမ်းတမိတဲ့ အခါမျိုးမှာ ပင်လယ်ရေနဲ့ အရသာတူတဲ့ ကော်ဖီငန်ငန်လေးကို အလွမ်းပြေသောက်တာပါ။”

ကောင်လေးကဖြေရင်းက ခေါင်းမော့ပြီး ကောင်မလေးကို စူးစူးရဲရဲ ကြည့်လိုက်တယ်။ အလို သူ့မျက်လုံးတွေမှာ မျက်ရည်တွေဖုံးလို့ပါလား။ ကောင်မလေး မျက်နှာမှာ ရင်ထဲက ကရုဏာ ၊သနားစိတ်တွေ ထင်ဟပ် သွားပါတယ်။

မြင်လျှင်မြင်ချင်း ချစ်မိလိုက်တဲ့ ကောင်လေးနဲ့ တွေ့တွေ့ချင်း စာနာစိတ်တွေ ပေါက်ဖွားသွားတဲ့ ကောင်မလေးနဲ့ ကောင်လေး မေတ္တာမျှသွားခဲ့ကြတာ မထူးဆန်းဘူးလို့ ဆိုရမှာပေါ့။

သူတို့နှစ်ယောက် တတွဲတွဲ ဈေးဝယ်၊ ဘုရားသွား သံယောဇဉ်လေးတွေ ညှိတွယ်လာတော့ ရာသက်ပန်အတူနေဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။

ချစ်သူတွေ ဘ၀မှာရော၊ အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေးကို ကော်ဖီသောက်တိုင်း ဆားထည့်ထည့်ဖျော်လေ့ ရှိပါတယ်။ ကောင်လေးမသောက်ခင် ကော်ဖီကို မြည်းတိုင်း ငန်လို့ ကောင်မလေး မျက်နှာဟာ ရှုံရှုံသွားရမြဲပါ။

ကြာခဲ့ပါပြီ။

ဟိုးအရင်တုန်းက ကောင်မလေးဟာ အခုတော့ ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး အဘွားအရွယ် ရောက်ခဲ့ပါပြီ။

သူ့လက်မှာ စာတစ်စောင်ကိုင်ပြီး ဖတ်နေပါတယ်။ မျက်လုံးအစုံမှာလည်း မျက်ရည်စတွေနဲ့။

“မောင်ဘ၀မကူးခင် အမှန်ကို ၀န်ခံပါရစေ။ မ.်ကို စတင် မြင်တွေ့စနေ့က မြင်လိုက်တာနဲ့ သူများတကာထက် ဦးအောင် ဖိတ်ခေါ် မိခဲ့တယ်။ သကြားနဲ့ဆားမှားပြီး ရှက်ရှက်နဲ့ တောင်းမိတယ်။ အလွန်မတန် အရာသာဆိုးတဲ့ ကော်ဖီငန်ငန်ကို မောင်လုံးဝဘူး။ ဒါပေမယ့် မ.ကိုစတွေ့တဲ့ အချိန်ကစပြီး ဒီကော်ဖီငန်ငန်ကို မောင်တစ်သက်လုံး သောက်ခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းမဖြစ်၊ နောင်တမရမိ ပါဘူး။ မ.နဲ့ဆုံခဲ့၊ အတူနေခဲ့ရတဲ့ အချိန်တွေဟာ အပျော်ဆုံးအချိန်မို့ပါ။ နောက်ဘ၀မှာ မ.နဲ့ပြန်ဆုံဖို့ အတွက် ဒီကော်ဖီ ငန်ငန်တွေသောက်ရမယ် ဆိုရင်

မောင်သောက်အုံးမှာပါ။”

မျက်လုံးအစုံက မျက်ရည်တွေဟာ စာရွက်ပေါ် တွေတွေကျ သွားပါတယ်။

မျက်ရည်ကို အသာအယာ သုတ်ရင်း စားပွဲထိုးကို

“ဆားနည်းနည်းလောက်” လို့ လှမ်းမှာလိုက်ပါတယ်။

စားပွဲထိုးက ဆားပုလင်းလေး လာပေးပါတယ်။ ဆားပုလင်းထဲက ဆားလေးတွေကို ကော်ဖီခွက်ထဲထည့် ဇွန်းနဲ့မွှေလိုက်တယ်။ နောက် ကော်ဖီခွက်ထဲ နှုတ်ခမ်းတေ့ သောက်လိုက်ပါတယ်။ စားပွဲထိုးလေး အံ့အားသင့်ဟန်ကြည့်ပြီး

“ဘယ်လိုနေလဲ အန်တီ” လို့မေးတော့ မျက်ရည်ဝေ့နေတဲ့ မျက်လုံးနဲ့ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်

“သိပ်ချိုတာပါဘဲကွယ်” တဲ့



ကျနောhttp://myanmarpyithar.net မှာ မဇာလေးရေးထားတဲ့ ကော်ဖီငန်ငန် ဆိုတာ သဘောကျလို ကျနော့်ဘလော့မှာ ပြန်တင်လိုက်တာပါ.....

357 瀏覽數 | 3 評論 | 與朋友共享 | 推薦