網誌
2009年1月16日 下午1點50分14秒အမေ
အမေကိုလွမ်းတယ်။သားအမှားတွေလည်းပြန်တောင်းပန်ချင်တယ်။သားမှာအမေများနေ့ဆိုတာကိုတောင်
မသိရလောက်အောင် အမေအပေါ်မသိတတ်ခဲ့ပါဘူး။သားအပေါ်ဘယ်သူတွေအချစ်ဆုံးလဲဆို
တာကိုသားနားလည်ပါပြီ။သားပြောမိတဲ့အပြစ်တွေပြန်တွေးမိလေအမေကိုပိုလွမ်းလာတယ်။ဟုတ်ပါတယ်သား
ဟာမိုက်ပါတယ်။ချစ်သူများနေ့ဆိုတာကိုကြတော့သိပြီးအမေများနေ့ဆိုတာဘယ်နေ့လဲဆိုတာတောင်မသိတဲ့ကောင်
ပါ။အရေးကြုံမှအမေကိုသတိရတတ်ခဲ့ပြီးကျန်တာအချိန်တွေမှာအမေနားမှာနေခဲ့တာမဟုတ်ပါဘူး။အမေဆုံးမတာတွေလည်း
နားထဲမ၀င်ခဲ့မိဘူး။စဉ်းစားမိလေအမေစကားတွေကိုအလေးအနက်ထားရမှန်းနားလည်လာပါပြီ။စိတ်ချပါအမေအမေအတွက်သားလိမ္မာ
မဖြစ်ခဲ့တောင်မှနောင်ကိုသားဆိုးမဖြစ်စေရပါဘူး။အမေမြင်ချင်တယ်ဘ၀ကိုရောက်အောင်သားအခုပိုကြိုးစားနေပါပြီအမေ။
အမေစိတ်ဆင်းတာတွေမလုပ်မိအောင်နေပါတော့မယ်။

